top of page






ချောင်းကြီးကျေးရွာ စာကြည့်တိုက်
The library of Chaung Gree Village
ချောင်းကြီးကျေးရွာ စာကြည့်တိုက်
ချောင်းကြီးကျေးရွာစာကြည့်တိုက်ကို 2008 ခုနှစ်၊ ရန်ကုန်တိုင်း ဥက္ကံမြို့ စိတ္တသုခကျောင်းတွင် ဦးစိန္တိတဦးဆောင်သော ဦးတေဇနိယ၊ ဦးစန္ဒကုမာရ၊ ဦးထေရာဝံသစသော ချောင်းကြီးရွာဖွား ရဟန်းရှင်များမှ လစဉ်ဖေသာစုလျက် ဦးစိန္တိတ၏ အကြံပြုချက်အရ စာကြည့်တိုက်ဖြစ်မြောက်ရေးအသင်းကို ဖွဲ့စည်း တည်ထောင်ခပါသည်။ ယင်းအချိန် ရပ်ရွာရှိ ပရဟိတ ဘောလုံးအသင်းနှင့် ချိတ်ဆက်လျက် ရန်ပုံငွေရဟိရေအတွက် ကျောင်းသုံးကျောင်းနှင့် စံကားတောင် စစ်တွေမြို့မှ သင်္ဃာများကို ပင့်ဖိတ်လျက် ပဋ္ဌာန်း ဓမ္မသဘင်ပွဲများကျင်းပကာ သုံးနှစ်တိုင်တိုင် စုဆောင်းအားထုတ်ခပါသည်။ 2010 အရောက်တွင် ရွာလယ်ဇရပ်ရာထဲမှ မြေတစ်ကွက်ကို ဦးဦးကျော်မြထံမှ အလှူခံလျက် စာကြည့်တိုက်ဖြစ်မြောက်ရေး ဥက္ကဋ္ဌတာဝန်ကို ဦးသုန္ဒရဓမ္မမှ တာဝန်ယူလျက် တစ်ရွာသားလုံး ပူးပေါင်းပါဝင်မှုဖြင့် ချောင်ကြီးကျေးရွာ စာကြည့်တိုက်ကို ဆောက်လုပ်ခပါသည်။
bottom of page